NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်များမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိကြောင်း သုံးသပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်များမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိကြောင်း သုံးသပ်

014

015


MNP ၊ ဇူလိုင် ၂၈

နိုင်ငံတော်အစိုးရ က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ် အဖြစ် ကျပ်နှစ်သောင်းတန် အထိမ်းအမှတ် ငွေစက္ကူသစ်များ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီးနောက် NUG အကြမ်းဖက်အဖွဲ့က အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ကြေညာခဲ့သည့်အပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက "NUG အကြမ်းဖက်အဖွဲ့က အစိုးရ ဘာလုပ်လုပ် အခုလိုပဲ ထုတ်ပြန်ကြေညာနေတာပဲ။ ထုတ်ပြန်ကြေညာပြီးတော့ရော ဘာဖြစ်လာလဲလို့ မေးရင် ဘာမှ ဖြစ်မလာဘူး။ သူတို့ကို ထောက်ခံအားပေးတဲ့ လူတစ်စုကတော့ ဘာလား ညာလားပေါ့ဗျာ။ အဲဒီ NUG ကို ထောက်ခံတဲ့သူတွေကိုယ်တိုင်လည်း သိတယ်။ NUG ဟာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့၊ နစက ဟာ အစိုးရ။ NUG က အဖျက်အမှောင့် လုပ်ငန်းလေးတွေ လုပ်ပေးနေသေးတယ်ပေါ့ဗျာ။ တည်ငြိမ်မှာကို မလိုလားဘူး။ အေးချမ်းမှုကို မလိုလားတဲ့သူတွေက NUG ရဲ့ အဖျက်အမှောင့် လုပ်ငန်းလေးတွေကို ရှိနေသေးတယ်ဆိုတော့ ပျော်တာပေါ့။ ဒီလောက်ပါပဲ။ ကွန်ပျူတာထဲမှာ စာစီပြီး ထုတ်လိုက်ရတာတော့ဗျာ လူတိုင်းလုပ်တတ်တဲ့ အလုပ်ပါ။ ဒီကောင်တွေက စာရွက်ဖိုးတောင် မကုန်ဘူး။ အပျင်းပြေ လုပ်နေကြတဲ့ သဘောပါပဲ။ ဒါကို မီဒီယာတွေက ကိုးကားရေးသား ဖော်ပြကြတယ်ဆိုတာလည်း သောက်ရှက်မရှိတဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တစ်အုပ်စုတည်းတွေလေဗျာ။ ဘာထူးဆန်းလို့လဲ။ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး။" ဟု ပြောဆိုသည်။

NUG အကြမ်းဖက်အဖွဲ့ဝင်အများဖြစ်ကြသည့် အောင်ကြည်ညွန့်၊ ဇော်ဝေစိုး၊ ဇင်မာအောင်၊ လွင်ကိုလတ်၊ မင်းကိုနိုင် အစရှိသော အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေးများကို မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ထားပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages