Pages

Pages

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လှုံ့ဆော်မှုများကို လူမှုကွန်ရက်စာမျက်နှာတွင် ပြန်လည်လှုံ့ဆော်မှုများပြုလုပ်ခဲ့ပြီး PDF အကြမ်းဖက်အဖွဲ့ထံ ထောက်ပံ့ပေးသည့် အမျိုးသမီးတစ်ဦး ထောင်ဒဏ်၁၅နှစ် ပြစ်ဒဏ်ချမှတ်



MNP ၊ ဇူလိုင် ၁

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ အနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ပြီး ပြည်တွင်းရှိ ၎င်းတို့ လက်ပါးစေ အကြမ်းဖက်သမားက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများ၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားတချို့ကို ၂၈-၆-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ အေးသာယာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် စာသားများ ရေးသားဖြန့်ဝေခြင်း၊ PDF အကြမ်းဖက်အဖွဲ့များအား ငွေကြေးများထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ဒေါ်သောင်းသောင်းမြင့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မြိုင်မြို့နယ်၊ ကျောက်ဖူးကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လုံခြုံရေးအဖွဲများ၏ သွားလာလှုပ်ရှားမှုများနှင့် ပြည်သူများ အထင်အမြင်မှားစေရန်အတွက် မဟုတ်မမှန် သတင်းများအား ဖြန့်ဝေသူ တရားခံ လွင်မာဦးအား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ပခုက္ကူ မြို့၊ အမှတ်(၉)ရပ်ကွက်တွင်  နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား ဖြန့်ဝေခြင်းနှင့် PDF အကြမ်းဖက်များအား အားပေးထောက်ပံ့မှုများဆောင်ရွက်ခဲ့သူ တရားခံ ဝင်းမင်းဖြိုး(ခ)ဝင်းမင်းထက်အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

#MyanmarNationalPost 

No comments:

Post a Comment