ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၅လုံးပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၅လုံးပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရ






MNP ၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ငါးယှန်ကျေးရွာအဝင်ရှိ တံတား အနီး၌ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် လမ်း၏ညာဘက်ခြမ်း ၅ ပေခန့်အကွာ၌ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ က အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ ထောင်ထားသော လက်လုပ်မိုင်း ၅ လုံးခန့် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသော မိုင်းများ ပေါက်ကွဲပြီး မန္တလေး-ရေစကြိုပြေးဆွဲနေသည့် ရွှေသလ္လာခရီးသည်ယာဉ်၏ ညာဘက်ခြမ်းဘော်ဒီ မိုင်းစများ ထိမှန်ဖောက်ထွက်ပြီး ယာဉ်ပေါ်လိုက်ပါလာသော အပြစ်မဲ့ပြည်သူ ၈ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ချောင်းဦးမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ချောင်းဦး၊ ရေးဦးမြို့နယ်များတွင် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားမျာကို နှိမ်နင်းဆောင်ရွက်ခြင်း မရှိသောကြောင့် အကြမ်းဖက်သမားများက ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသည့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)