ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူ ၁၁ ဦး သက်ဆိုင်ရာတရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူ ၁၁ ဦး သက်ဆိုင်ရာတရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ ဇူလိုင် ၁

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ သည် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့် အချိန်မှစ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရဟန်းရှင်လူပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများကို သတ်ဖြတ်ခြင်း၊ ကလေးငယ်များကို သတ်ဖြတ်ခြင်း၊ အစိုးရရုံးဌာနများနှင့် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး ဝါဒဖြန့်လှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ ၎င်းတို့ကို ထောက်ခံအားပေးသူများက အကြမ်းဖက်သမားများအဖြစ် လိုက်ပါဆောင်ရွက်လျက်ရှိရာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားနှင့် အကြမ်းဖက်လှုံ့ဆော်သူ ၁၁ ဦးကို ယမန်နေ့ က သက်ဆိုင်ရာတရားရုံးများမှ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။


မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်၍  လက်လုပ်သေနတ်များပြုလုပ်ခြင်းနှင့် ၎င်းတို့၏ နေအိမ်တွင် လက်လုပ်သေနတ်များ၊ ကျည်များ ၊ဆက်စပ်ပစွ္စည်းများ ထားရှိခဲ့သူ တရားခံ သန့်ဇော်ထွန်း၊ တရားခံ ကျော်ဇင်ထက်၊ တရားခံ နွယ်နွယ်ခိုင် တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ၊၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် အသီးသီးချမှတ် လိုက်ကြောင်း သိရသည်။


မုံရွာမြို့၊ ထန်းတောအင်းစပ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအား ဆန့်ကျင်၍ တရားမဝင် ဖွဲစည်းထားသည့် PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ခြင်းနှင့် PDF များသည် အကြမ်းဖက်သမားဖြစ်ကြောင်း သိလျက်နှင့် တာဝန်ရှိသူများကို  သတင်းပေးရန်ပျက်ကွက်ခဲ့သူ တရားခံ ဒွေးခန့်အောင်(ခ) အရှည်ကြီးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြို့နယ်၊ သာစည်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်များနှင့် ဆက်သွယ်ထားခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရန် လက်လုပ်မိုင်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူ တရားခံ ဖြိုးမင်းမြတ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ယင်းမာပင်မြို့နယ်၊ ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး  PDF အကြမ်းဖက်အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့ခြင်း နှင့် ၎င်းတို့နေထိုင်ရာ ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့အတွက် ကင်းစောင့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သူ တရားခံ ငြိမ်းချမ်းအောင်(ခ)ဖိုးတိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့်အတူ  ပေါက်ချိုင်ကျေးရွာရှိ နေအိမ် ၁လုံးအား လေးခွနှင့်ပစ်ပြီး သေနတ်များ ပစ်ဖောက်ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ  ဇော်မျိုးဦး(ခ) ဇော်မျိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်(သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မြောင်မြို့နယ်၊ မင်းတန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံတွင် သင်တန်းတက်ရောက်ခြင်း၊ လုံခြုံရေးအဖွဲ့များအား အကြမ်းဖက် ရန်ပြုတိုက်ခိုက်ရန် ရည်ရွယ်၍ ကျေးရွာအတွင်း PDF အကြမ်းဖက်သမားများနှင့် အတူ ကင်းစောင့်ခြင်းနှင့် အကြမ်းဖက်အဖွဲ့အတွက် ငွေကြေးထောက်ပံ့ပေးခဲ့သူ တရားခံ စိုးမင်းအောင်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်(သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ကာ စစ်ကိုင်းမြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ တရားခံ ကျော်ဇော်အောင်(ခ)ဗိုလ်မိုးကြိုး၊ တရားခံ စည်သူစိုး တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်စီ ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကာ စစ်ကိုင်းမြိုနယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ တရားခံ တံခွန်သိန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို၊နန်းဦးမြိုသစ်ရပ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ကာ စစ်ကိုင်းမြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ တရားခံ စံထွန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


PDF အပါဝင် လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူများ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်၍ လက်နက်များအပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ် မူတည်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှ ထုတ်ပေးလျက်ရှိသော်လည်း PDF အကြမ်းဖက်သမားတချို့မှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လက်ပါးစေအဖြစ် အသုံးချခံ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေကြဆဲ ဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)