တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်

001-01

MNP ၊ ဇူလိုင် ၄

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ဖမ်းဆီးရမိ အကြမ်းဖက်သမားတချို့ကို ၃-၇-၂၀၂၃ ရက်နေ့ က သက်ဆိုင်ရာ တရားရုံးများတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်၊ ဇီးပင်သာကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ဝင် ၁ဦးအဖြစ် လက်လုပ်သေနတ်ကိုင်ဆောင်၍ ကင်းစောင့်ခြင်း၊ ကျေးရွာ ဝင်/ထွတ် သွားလာသည့် ပြည်သူများအား ထိတ်လန့်အောင် ကြောက်ရွံအောင် ပြုလုပ်ခဲ့သူ တရားခံ အောင်ကိုမင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ရေတွင်းကောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုနှင့် သတင်းများအား ပေးပိုခြင်းများဆောင်ရွက်ခဲ့သူ တရားခံ မျိုးကြည် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဇလွန်မြို့နယ်၊ ဆုံကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကရင်ပြည်နယ်၊ KNLA တပ်မဟာ(၆)ရင်း သင်တန်းတက်ရောက်ခဲ့ကား ၎င်းနေရာမှ ထွတ်ပြေး၍ PDF အကြမ်းဖက်များထံ ဝင်ရောက်ခဲ့သူ တရာခံ ဝင်းမိုးကျော်(ခ) တာရာ(ခ) လက်ရုံးသည် စစ်ကိုင်းမြို့နယ်၊ ကံတလူ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသူ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ပေါက်မတောင်ရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များထံ သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် လက်လုပ်သေနတ်များ၊ လက်လုပ်ကျည်များအား ဝယ်ယူပြီး သိမ်းဆည်း ခြင်းများ ဆောင်ရွက်ထားသူ တရားခံ သိုင်းထက်အောင်(ခ)ငသိုင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်(တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ မြိုင်ကုန်းရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် လက်လုပ်သေနတ်များ၊ လက်လုပ်ကျည်များအား ဝယ်ယူပြီး သိမ်းဆည်း ခြင်းများ ဆောင်ရွက်ထားသူ တရားခံ သက်နိုင်ဦး(ခ)သက်နိုင်စိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့ကာ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ပြောဆိုထားသော တရားခံ စံလင်းမောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲထံတွင် သင်တန်းတက်ရောက်ခဲ့ကာ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ပြောဆိုထားသော တရားခံ အောင်မျိုးသီဟ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ စီးတီးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များနှင့် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ပြောဆိုထားသော တရားခံ ပြည့်ဖြိုးသူ(ခ) မြတ်နိုးသူ(ခ) ဖြိုးကြီးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန်  ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ပန်းဘဲရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များ နှင့် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ပြောဆိုထားသော တရားခံ ငထက်(ခ) ထက်ရန်နိုင်(ခ) ထက်ထက်အား  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ ပေါက်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် လိုက်ပါဆောင်ရွက်ခဲ့ခြင်း၊ PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ပြီး ကလေးမြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများ အား သတင်းပေးပို့ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ အောင်ဇင်ခန့် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့ထံတွင် သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် ကျေးရွာအတွင်း၊ ကျေးရွာ ဝင်/ထွက်များတွင် ကင်းစောင့်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ တရားခံ တင်မောင်လုံး(ခ)ဖိုးလုံး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင် Post တင်ခြင်း၊ Share ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြင့် အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ သူတစ်ဦးဦးအား ပါဝင်စေရန် ဝါဒဖြန့်ခြင်းကို ကျူးလွန်ခဲ့သူ တရားခံ ရာဇာအောင် အား  စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း၊ ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး ၂၀၂၂ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် အေပြီလ ၂၇ ရက်ထိ ကာလအတွင်း အကြမ်းဖက်သမားများအား ငွေ၊ အရက်နှင့် အစားအသောက်များ အကြိမ်ကြိမ်ကျွေးမွေးထောက်ပံ့ခဲ့ခြင်း၊ တရားဝင်သော နည်းလမ်းဖြစ်စေ၊ တရားမဝင်သောနည်းလမ်းဖြစ်စေ ရရှိသည့် ငွေနှင့်ပစ္စည်းများကို အကြမ်းဖက်သမားများအား ထောက်ပံ့ခဲ့ခြင်း၊ ကောလင်းမြိုနယ် ပေကုန်းကျေးရွာ အတွင်း PDF အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သိလျက်နှင့် လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ လွှမ်းမိုး(ခ)ကိုဖြိုး အား  စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နှင့် ၅၂(ခ)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၄၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး ဥပဒေများဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages