Oliver Stones’s Documentary “Nuclear Now”ရုပ်ရှင်ပြသပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Oliver Stones’s Documentary “Nuclear Now”ရုပ်ရှင်ပြသပွဲ ကျင်းပ


MNP ၊ ဇူလိုင် ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံ ပွဲတော် ၂၀၂၃ တတိယနေ့တွင် Oliver Stones’s Documentary “Nuclear Now ”ရုပ်ရှင်ပြသပွဲကို ယမန်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူးကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

ရုပ်ရှင်ပြသပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ပြည်တွင်းမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများက Oliver Stones’s Documentary “Nuclear Now” ရုပ်ရှင်ကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အဆိုပါရုပ်ရှင်တွင်ပါဝင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ မီဒီယာများနှင့် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ရုရှားဖက်ဒေးရှင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်က ပြန်လည်ဖြေကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”မှ တာဝန်ရှိသူထံ လက်ဆောင်ပစ္စည်းပေးအပ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တာဝန်ရှိသူက ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)