ရွှေဘိုမြို့၊ မြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ကိုရင် ၁ ပါး၊ ကလေးငယ် ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေဘိုမြို့၊ မြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ကိုရင် ၁ ပါး၊ ကလေးငယ် ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိ

017

018

MNP ၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ယနေ့နံနက်ပိုင်းတွင် ပစ်ချတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရွှေဘိုမြို့မဈေး အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ဈေးအတွင်း သား/ငါး အရောင်းဆိုင်များအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေကြသည့် ကိုရင် အာလောက(ခ)အာကာကျော် နှင့် ကလေးငယ် ၂ ဦးအပါအဝင်  အပြစ်မဲ့အရပ်သား ပြည်သူအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင်လည်း ဗုံးသီးစများ အသီးသီး ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါဒဏ်ရာရရှိသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရွှေဘိုမြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့သည်။

ထိုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိအောင် ဆင်ခြင်တုံ တရားကင်းမဲ့စွာဖြင့် မြို့မဈေးအတွင်း Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages