MNP ၊ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေး လုံခြုံရေး ဆောင်ရွက်နေစဉ် မိုးလှိုင်(ခ)ဖိုးပြား မင်းကင်းမြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းသည် PDF အကြမ်းဖက်သမားတစ်ဦး ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ နံနက် ၀၉ ၀၀ နာရီခန့်တွင် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်အတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြည်သူများအေးချမ်းသာယာစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်နေစဉ် သုံးဘီးဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်၌ လိုက်ပါလာသော နေလင်းအောင်(ခ)နေအောင် သည် PDF အကြမ်းဖက်အဖွဲ့ဝင်များအား ကူညီထောက်ပံ့နေသူဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment