လားရှိုးမြို့၊ ဇွဲထက်ရွှေဆိုင်ရှေ့တွင် PDF အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ရာ အပြစ်မဲ့ ပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၊ ဇွဲထက်ရွှေဆိုင်ရှေ့တွင် PDF အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ရာ အပြစ်မဲ့ ပြည်သူ ၁၂ဦး ထိခိုက်ဒဏ်ရာရ



MNP ၊ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၂)ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် PDF အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး အခြားတစ်နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ဆိုင်လုံခြုံရေးဝန်ထမ်းများက လိုက်လံရှာဖွေရာ မတွေ့ရှိသည့်အတွက် မြို့မဈေးရှိ ဆိုင်ကယ်အပ်နှံရာနေရာသို့ သွားရောက်သတင်းပို့စဉ် အကြမ်းဖက်သမားများ ရပ်ထားခဲ့သောဆိုင်ကယ်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

PDF အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသား ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)