ကလေးဝမြို့နယ်ရှိ ဆင်အိုင်မကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ် ၆၅ လုံး မီးလောင်ပျက်စီးဆုံးရှုံး၊ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့နယ်ရှိ ဆင်အိုင်မကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ် ၆၅ လုံး မီးလောင်ပျက်စီးဆုံးရှုံး၊ အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိ

 





MNP ၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇူလိုင် ၁၅ ရက်နေ့တွင် လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်၍ ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ သေဆုံး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက် သမားများက ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင်လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သမားများသည် ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်ရန်အတွက် ကျေးရွာ အတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က မီးငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါအကြမ်းဖက်သမားများ  ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၆၅ လုံးနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ၁ ကျောင်းတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး  လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။


PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ချိန်တွင် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအား လူသားတံတိုင်းသဖွယ် အကာအကွယ်ရယူခြင်း၊ ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားပြီး ၎င်းတို့ အထိနာ၍ ဆုတ်ခွာထွက်ပြေးချိန်တွင်လည်း  လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းခြင်း မပြုနိုင်ရန် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ကို ဂျီနီဗာကွန် ဗန်းရှင်း(၄)ရပ်ကိုအခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပြဋ္ဌန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက် မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)