စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားသည့် မြို့နယ်များတွင် ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများကို စစ်ခုံရုံးမှ ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားသည့် မြို့နယ်များတွင် ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများကို စစ်ခုံရုံးမှ ပြစ်ဒဏ်အသီးသီးချမှတ်

068

MNP ၊ ဇူလိုက် ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာခဲ့ရပြီး အဆိုပါမြို့နယ်များတွင် ဖမ်းဆီးရမိထားသော NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများကို စစ်ခုံရုံးတွင် စစ်ဆေးပြီး ၂၆-၇-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် Social Media ပေါ်မှတစ်ဆင့် ဆက်သွယ်စကားပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် သတင်းများအား ဝါဒဖြန့်ရေးသား ဖြန့်ဝေခဲ့သည့် တရားခံ ရဲရင့်သူ အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး အကြမ်းဖက်သမားများရှိကြောင်း သိရှိပါလျက် သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ သဲသဲလှိုင် အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် PDF အကြမ်းဖက်သမားများအား ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူများ သွားလာလျက်ရှိသည့် လမ်းမပေါ်တွင် ဂိတ်ဖွင့်၍ ဆက်ကြေးကောက်ခံခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းမှန်းသိရှိပါလျက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် တရားခံ ဇင်လှိုင်ဖြိုး(ခ) ပဒက်(ခ) ငဖြိုး အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တရားခံ မခင်နွယ်ဝင်း(ခ) ပေါက်စ စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တရားခံ မသူဇာလှိုင်(ခ) မိချဲ  အား စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၇၈) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages