ကောလင်းမြို့ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပတ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပတ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရရှိ

MNP ၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ PDF အမည်ခံအကြမ်းဖက် သမားများက ဇူလိုင် ၁ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးအား PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မြို့၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် ရုံး၏အနောက် တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင် ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)