ရေစကြိုမြို့နယ်၊ ကုန်းတလင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၁ဦး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ ကုန်းတလင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၁ဦး လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိ

 



MNP ၊ ဇူလိုင် ၁၉ 

ရေစကြိုမြို့နယ်၊ ကုန်းတလင်းကျေးရွာအနီး၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေး အဖွဲဝင်များသည် ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများနှင့် တွေ့ရှိပြီး လက်ဦးမှု ရယူ၍ ပစ်ခတ်နှိမ်နင်းခဲ့ရာ PDF ပဒက် အလောင်း ၁ လောင်း၊ လက်လုပ်သေနတ်  ၁ လက်၊ ၉မမကျည် ၃ တောင့်၊ လက်လုပ်မိုင်း ၄ လုံး၊ ဆိုင်ကယ် ဘက်ထရီအိုး ၁ လုံး၊ဝါယာကြိုး (၅၀ပေ) ၁ ခွေ တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသည့် NUG, PDF အကြမ်းဖက်အဖွဲ့များအား အသိအမှတ် မပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ဆက်လက်လှုံ့ဆော်မှုများ လုပ်ဆောင်နေပြီး PDF အကြမ်းဖက်သမားများကလည်း ဆင်ကန်းတောတိုး မိုက်မဲလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)