ဆောမြို့နယ်တွင် PDF အကြမ်းဖက်သမား ၅ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောမြို့နယ်တွင် PDF အကြမ်းဖက်သမား ၅ဦး အသေဖမ်းဆီးရမိ


MNP ၊ ဇူလိုင် ၁၅

မကွေးတိုင်း၊ ဆောမြိုနယ်၊ ရင်ကဲကျေးရွာအနီး လုံခြုံရေးအဖွဲ့ဝင်များမှ ပဒက်ရှင်းလင်းရေးများ ဆောင်ရွက်ခဲရာ ဇူလိုင်လ ၁၅ ရက် (ယနေ့)နံနက် ၉ နာရီခန့်က  PDF အကြမ်းဖက်သမား ၅ဦး အသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ရင်ကဲကျေးရွာအနီး ရှင်းလင်းရာ PDF အကြမ်းဖက်သမား ၅လောင်း၊ အမ်- ၂၂ သေနတ် ၂ လက်၊ စနိုက်ဘာ သေနတ် ၁ လက်၊ RPG သေနတ် ၁ လက်၊ အမ်အေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ RPG ဒုံးသီး ၁ လုံး၊ အမ် ၂၂ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းတွင် NUG, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်း ၆၀၉၁ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ချပြရှင်းလင်းခဲ့ပြီးနောက် PDF အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)