ပေါင်မြို့နယ်တွင်အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊   ဇူလိုင် ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက် ( ၉း၃၀ )ကပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်ဥပဒေရုံးမှဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန် က အမျိုးသမီးများအကြမ်းဖက်ခံရခြင်း၏အကြောင်းအရင်းများ၊အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပုံစံအမျိုးမျိုး၊စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ရုပ်ပိုင်းဆိုင်ရာနှင့်စီးပွါး‌ရေးဆိုင်ရာများ၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဖြစ်ပွားရသည့်အဓိက အကြောင်းအရင်းများ၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၏ ရလဒ်ဆိုးကျိုးများ၊အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးအတွက်ဆောင်ရွက်ထားရှိမှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)