MNP ၊ ဇူလိုင် ၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး ပေါင်မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန် က ကလေးအလုပ်သမားများဖြစ်ပေါ်လာရခြင်း အကြောင်းအရာများ၊ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အလုပ် လုပ်ချိန်သတ်မှတ်ထားရှိမှုနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက်ပြည်သူများကဝိုင်းဝန်းကူညီပေးကြရန်နှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်စီမံထားရှိမှုများ၊ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းသည် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ပါကြောင်း၊ကလေးအလုပ်သမားပပျောက်ရေးအတွက် တာဝန်ရှိသူများနှင့်ပြည်သူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment