MNP ၊ ဇူလိုင် ၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့နေ့လယ် ( ၂ )နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေး က မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံများ၊ မြန်မာအမျိုးသမီးများနေ့သတ်မှတ်ရခြင်း၏ရည်ရွယ်ချက်များ၊မိန်းမကောင်းအမျိုးသမီးများ၏ဂုဏ်ရည် ဂုဏ်သွေးများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment