Thailand PGA Tour ၏ SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Thailand PGA Tour ၏ SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူး






MNP ၊ ဇွန် ၂

 ဇွန်၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ထိုင်းနိုင်ငံ Khao Yai Country Club ၌ကျင်းပသည့် Thailand PGA Tour ၏ ပြိုင်ပွဲတစ်ခုဖြစ်သေ SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ရဲထက်အောင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။

ရဲထက်အောင်သည် ယင်းပြိုင်ပွဲတွင် ၆၄+၆၆+၆၇+၆၄ ချက်၊ လေးရက်ပေါင်း ၂၆၁ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၂၃)ချက်လျော့ရိုက်ကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။   

ပြိုင်ပွဲအပြီးတွင် ရဲထက်အောင် (မြန်မာ) ပထမ၊ Sangchai KAEWCHAROEN  (ထိုင်း) သတ်မှတ်ရိုက်ချက်ထက် ၂၁ ချက် လျှော့ရိုက်ပြီး ဒုတိယ၊  Suttinon PANYO (ထိုင်း) နှင့် Thanyakon KHRONGPHA (ထိုင်း) တို့က သတ်မှတ်ရိုက်ချက်ထက် ၂၀ ချက်စီ လျှော့ရိုက်ကာ ပူးတွဲတတိယဆု ရရှိခဲ့သည်။ 

ရဲထက်အောင်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမားတစ်ဦးဖြစ်သည့် အောင်ဆန်းမျိုးမှာမူ  ၆၉+၇၁+၇၁+၆၇ ချက်၊ လေးရက်ပေါင်း ၂၇၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက်လျော့ရိုက်ကာ အဆင့် ၄၅ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ 

ယခုပြိုင်ပွဲတွင် ကစားသမားစုစုပေါင်း ၁၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် မိုးများရွာသွန်းသောကြောင့် ပြိုင်ပွဲစတင်ချိန်အား ရွှေ့ဆိုင်းကာ ကျင်းပခဲ့ရကြောင်းသိရသည်။ ရဲထက်အောင်သည် ချန်ပီယံဆုရခဲ့သဖြင့် ဆုဖလားနှင့်အတူ ဆုကြေးငွေအဖြစ် ထိုင်းဘတ် ၂၄၀၀၀၀ ဆွတ်ခူးရရှိခဲ့သည်။

ရဲထက်အောင်သည် ၂၀၁၆ ခုနှစ်မှစတင်ကာ Asian Tour ပြိုင်ပွဲအပါအဝင် ပြည်ပနိုင်ငံများ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပြီး SINGHA-SAT Nakhon Ratchasima Classic 2023 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု ပထမဆုံးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ရဲထက်အောင်သည် ယခုနောက်ပိုင်းနှစ်များတွင်  All Thailand Golf Tour၊ Thailand PGA Tour တို့က က စီစဉ်ကျင်းပလျက်ရှိသည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ကာ ပြိုင်ပွဲများစဉ်ဆက်မပြတ် ယှဉ်ပြိုင်နေသဖြင့် လက်ရည်ပိုင်းတိုးတက်လာကာ ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်သည်အထိ အောင်မြင်မှုရခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း All Thailand Golf Tour ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ရဲထက်အောင်၊ သီဟဌေး၊ အောင်ဆန်းမျိုး၊ ကျော်သက်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားကြောင်း သိရသည်။


#MyanmarNationalPost  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)