စဉ့်ကူးမြို့နယ် မင်းကြီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စဉ့်ကူးမြို့နယ် မင်းကြီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်

90

91

92

93


MNP ၊ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဝါးရုံကုန်းကျေးရွာအုပ်စု၊ မင်းကြီးကုန်းကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။  


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက် စေရေးအတွက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကော်မတီဝင်များ၏ တာဝန်ယူ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျေးရွာစိတ်ဓာတ် (Village-Spirit) အချက်(၅)ချက်ကို ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်သွားရန် တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း နှင့် ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကော်မတီဝင် (၉) ဦးအား အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူ (၂)ဦး ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages