MNP ၊ ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နေရပ်ရှောင်စခန်းများရှိ အိမ်ထောင်စုများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ဒုတိယအကြိမ်အဖြစ် ယနေ့နံနက်ပိုင်းက စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ဒုတိယအကြိမ်ထောက်ပံ့ရာတွင် လူတစ်ဦးလျှင် ဇွန်၊ ဇူလိုင် နှစ်လစာအဖြစ် ဆန် ၁၃ ပြည်နှင့်လေးလုံး၊ ကုလားပဲတစ်ပြည်နှင့်ခြောက်လုံး၊ စားဆီနှစ်လီတာ၊ လူငါးဦးလျှင် ဆားနှစ်ထုပ်နှုန်း၊ အသက် ၆ လမှ ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ(အသက် ၆ လအောက်ကလေးမိခင်များ)အတွက် ဂျုံပဲပိစပ်ရော အာဟာရမှုန့် ၁ ဒသမ ၅ ကီလိုဂရမ် နှစ်ထုပ်နှုန်းတို့အား အုတ်တွင်းမြို့နယ်တွင် ဇုန်ငါးဇုန်သတ်မှတ်၍ ထောက်ပံ့ပေးရာ ကြက်သွန်ခင်း(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စု ၁၅ စု လူဦးရေ ၆၇ ဦး၊ ဗောဓိကုန်း(ပေါက်တော) ကျန်းမာရေးဆေးခန်းတွင် အိမ်ထောင်စု ၉ စု လူဦးရေ ၅၉ ဦး၊ ဘုရားနှစ်ဆူဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၉၄ စု လူဦးရေ ၅၂၈ ဦး၊ ကျောင်းရှစ်ဆယ်အုပ်စု နတ်စဉ်ကုန်းဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု ၃၄ စု လူဦးရေ ၁၈၄ ဦး၊ ကျွဲပွဲမြို့အမှတ်(၂)ရပ်ကွက် စိတ္တသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်အိမ်ထောင်စု ၅၀ လူဦးရေ ၂၂၉ ဦး စုစုပေါင်းအိမ်ထောင်စု ၂၀၂ စုလူဦးရေ ၁၀၆၇ ဦးတို့ကို လာရောက်ထောက်ပံ့ပေးသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော
https://t.me/MyanmarNationalPost
No comments:
Post a Comment