တနင်္သာရီမြို့နယ်၌ ဝန်ထမ်း/မိသားစုဝင်များအား Biometric အချက်အလက်များ ကောက်ယူ၍ Unique ID (UID) နံပါတ်များနေ့စဉ်ထုတ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တနင်္သာရီမြို့နယ်၌ ဝန်ထမ်း/မိသားစုဝင်များအား Biometric အချက်အလက်များ ကောက်ယူ၍ Unique ID (UID) နံပါတ်များနေ့စဉ်ထုတ်ပေး

57


MNP ၊  ဩဂုတ်  ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်း(၅)ဦး၊ နေ့စား/လပေးဝန်ထမ်း(၂)ဦးတို့မှ တနင်္သာရီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား တစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးဌာနမှူးရုံးခန်းအတွင်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နေ့စဉ် ဦးစားပေးအစီအစဉ်အလိုက် ဌာနဆိုင်ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား  e-ID Biometric  အချက်အလက်များ ကောက်ယူခြင်း လုပ်ငန်းကို ဆက်လက်ပြုလုပ်ပေးရာ ယနေ့တွင် ဝန်ထမ်းအမျိုးသား(၄)ဦး၊ အမျိုးသမီး(၃၂)ဦး၊ ပေါင်း(၃၆)ဦးနှင့် မှီခိုသူ မိသားစုအမျိုးသား (၈)ဦး၊ အမျိုးသမီး(၅)ဦး၊ ပေါင်း(၁၃)ဦး။ စုစုပေါင်း(၄၉)ဦးတို့အား Biometric အချက်အလက်များကောက်ယူ၍ တစ်ဦးချင်းစီအား QR Code ပါရှိပြီး ဂဏန်း(၁၀) လုံးပါသည့် Unique ID နံပါတ်စာရွက်များကို ချက်ချင်းပြန်လည် ထုတ်ပေးခဲ့ကြောင်း သိရသည်။


သို့ပါ၍ တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ e-ID Biometric အချက်အလက်များကောက်ယူခြင်းနှင့် Unique ID (UID)  နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းအား ဇူလိုင်လ ၁၇ရက်မှ စတင်ပြုလုပ်ပေးခဲရာ  ဩဂုတ်လ(၂)ရက်နေ့ထိ အမျိုးသား(၂၂၂) ဦး၊ အမျိုးသမီး(၂၂၂)ဦး၊ စုစုပေါင်း(၄၄၄)ဦးအထိ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages