မင်းတုန်းမြို့နယ်တွင် Biometric အချက်အလက် ကောက်ယူမှု (၅၀၆၁)ဦး ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် Biometric အချက်အလက် ကောက်ယူမှု (၅၀၆၁)ဦး ပြီးစီး


MNP ၊  ဩဂုတ်  ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးတည်အုပ်စု (၆)အုပ်စုအတွင်းရှိ ဝန်ထမ်းများ၏ Biometric အချက်အလက်များအား ဇွန်လ ၂၂ ရက်နေ့မှစ၍ ကောက်ယူခဲ့ပြီး ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား/ကျောင်းသူများအား ဆက်လက် စာရင်းကောက်ယူခဲ့ရာ ယမန်နေ့အထိ ကျား(၂၃၉၈)ဦး၊ မ(၂၇၆၃)ဦး စုစုပေါင်း (၅၀၆၁)ဦး စာရင်းကောက်ယူ ပြီးစီးပြီဖြစ်သည်။


အဆိုပါ Biometric အချက်အလက်များကို ယနေ့တွင် အခြေခံပညာကျောင်း (၁၅)ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဆက်လက်ကောက်ယူလျက်ရှိပြီး ဦးတည်အုပ်စုအလိုက် စာရင်းကောက်ယူမှုပြီးစီးပါက ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးအား Electronic စနစ်ဖြင့် National ID(NID) ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)