နောင်ချိုမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)ကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)ကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်


MNP ၊  ဩဂုတ်  ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်၉နာရီက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမဒေါ်ပြုံးနွဲ့ရီဦးဆောင်သော ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများအား အရပ်၊အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်းစသည့် ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးစသည့် အကြောင်းအရာများကိုလည်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)