ပေါက်ခေါင်းမြို့နယ် အ.မ.က (စမ်းကလေး) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် အ.မ.က (စမ်းကလေး) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်




MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စမ်းကလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာ‌စောင်ပြသခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဦးစွာ အသိပညာပေး‌ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာတို့ကို အသိပညာ‌ပေးရှင်းလင်းဟောပြောခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပုံပြင်စာအုပ်ဖြင့်ပုံပြောပြခြင်း၊ စာအုပ်စာစောင်များဖတ်ရှု‌စေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကွမ်းစားသုံးခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့်ဖြစ်ပွားလာသည့် ဆိုးကျိုးအန္တရာယ်များ အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)