ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်




MNP ၊  ဩဂုတ်  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။


စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် နှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိသော ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့များထံသို့ ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)