ဒုတိယဝန်ကြီး ဦးထွန်းအုံ စဉ့်ကူးကြိုးဝိုင်း စီးပွားရေးသက်ကြီးကျွန်း စိုက်ခင်းအကွက်များအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးထွန်းအုံ စဉ့်ကူးကြိုးဝိုင်း စီးပွားရေးသက်ကြီးကျွန်း စိုက်ခင်းအကွက်များအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



MNP ၊ ဩဂုတ် ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၇-၈-၂၀၂၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း စဉ့်ကူးကြိုးဝိုင်းသို့ရောက်ရှိပြီး ပြင်ဦးလွင်သစ်ထုတ်ရေးဒေသ စီးပွားရေးသက်ကြီးကျွန်းစိုက်ခင်း အကွက်များအတွင်း သစ်တောဦးစီးဌာန၏ ကျွန်းစိုပင်ထောင်ရိုက်မှတ်မှု၊ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန၏ တောတွင်းသစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မှတ်ရိုက်ခြင်းလုပ်ငန်းနှင့် ခုတ်လှဲဖြတ်ပိုင်းပေးခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ သယ်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာညွှန်ကြားချက်များ၊ Standard Operating Procedures- SOP လုပ်ငန်းစဉ်များနှင့်အညီဆောင်ရွက်ရန်၊ သတ်မှတ်ပမာဏပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်၊ သစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမရပူရမြို့နယ်သို့ရောက်ရှိပြီး မြန်မာ့သစ်လုပ်ငန်း သစ်အခြေခံစက်မှုလုပ်ငန်းဌာန၏ ပုံဖော်စက်ရုံ အမှတ်(၂-က)နှင့် ပုံဖော်စက်ရုံ အမှတ်(၂-ခ)တို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အတွင်းဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သစ်အခြေခံ အရည်အသွေးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်း စဉ်အဆင့်ဆင့်တွင် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)