စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများရှိ သာသနိက အဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှု၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများရှိ သာသနိက အဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှု၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်


MNP ၊ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများအား ပြန်လည် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး နန္ဒာရာမပရိယတ္တိ စာသင်တိုက်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတိုက်၊ မဟာဇေယျသိဒ္ဒိအဓိဋ္ဌာန်ကျောင်းတိုက်၊ ခေမာမဏ္ဍိုင် ကျောင်းတိုက်၊ အမ္ဗာရာမကျောင်းတိုက်နှင့် ကျားရုပ်ဘုန်းတော်ကြီး ကျောင်းတို့ရှိ သံဃာတော် များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ကျောင်းတိုက်အသီးသီးသို့ သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား စစ်တွေတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)