ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေး





MNP ၊ သြဂုတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် မိုးစပါးတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဓါတ်မြေသြဇာ ကြဲပက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက မိုင်းဆတ်မြို့၊ မယ်နင်ကျေးရွာ တောင်သူဦးလွင်ခမ်း စိုက်ခင်းတွင် ကျင်းပသည်။


ရှေးဦးစွာ သက်တမ်း(၁၃၅)ရက်ရှိသော စပါးမျိုးကို နမူနာပြု၍ မြေသြဇာချိန်ပြဇယားကို ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းက တောင်သူများအား ရှင်းလင်းပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီမှူးတို့က တောင်သူများအား ဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ကြပြီး တောင်သူဦးလွင်ခမ်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဆင်းဧကရီ (၃) စိုက်ခင်းအား ဓါတ်မြေသြဇာ ကြဲပက်နေမှုကို ကြည့်ရှုအားပေးကြသည်။


ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မှ VDP ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်ရန် ရန်ပုံငွေများပေးအပ်ရာ မယ်နင်ကျေးရွာနှင့် ကျွန်းတောကျေးရွာတို့ကို ငွေကျပ်သိန်း (၁၅၀) စီတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူ ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မယ်နင်ကျေးရွာ၊ ကျသီကျေးရွာအုပ်စု ဦးခတ္တိယ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော ဧက(၂၀၀)တွင် ကော်ဖီပင်(၄)သောင်း၊ ကျွန်းပင်(၁)သောင်းခွဲ၊ သစ်မွှေးပင် (၃၀၀) ကျော်တို့အား လှည့်လည်ကြည့်ရှုပြီး တောင်သူဦးစိုင်းကောလီ စိုက်ပျိုးထားသော ပျားလိမ္မော်ခြံအပင် (၄၀၀၀) ပင်၊ သစ်ခေါက်ပင် (၁၂၀၀၀) ပင်၊ ကော်ဖီပင် (၁၀၀၀၀) တို့ကို ကြည့်ရှု၍ စိုင်းရွက်မိန်း မွေးမြူထားသော ဥစားကြက်ကောင်ရေ (၃၅၀၀) ကောင် ကြက်ခြံတို့ကို သွားရောက် ကြည့်ရှုကြကြောင်း သိရသည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအား သွားရောက်၍ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄)တွင် သင်တန်းသူများ စက်ချုပ် နေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားပြီး သင်တန်းအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ သင်တန်းကျောင်းအုပ်ဆရာမကြီးမှ လက်ခံ ရယူသည်။


အဆိုပါ သင်တန်းကို ၂၀၂၃ ခုနှစ် မေလ (၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့တွင် သင်တန်းဆင်းမည် ဖြစ်ကြောင်းနှင့် သင်တန်းကို သင်တန်းသူ (၃၀) ဦး တက်ရောက် ကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)