MNP ၊ ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာအုပ်စု၊ ကံစု ကျေးရွာတွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မိုးသည်းထန်းစွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပိုင်ရှင်ဒေါ်သန်းသန်းမော်၏ သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်း အလျား(၁၈)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေရှိ နေအိမ်အမိုးလန် ပျက်စီးခဲ့သဖြင့် ယနေ့ နံနက်(၁၁)နာရီအချိန် တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိ သူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အတူ ပျက်စီး နေအိမ်ပိုင်ရှင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ရာတွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅)သောင်းကျပ်နှင့် ပျက်စီးနေအိမ်၏ မိသားစုဝင် (၄) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်း(၅၈၄၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment