ရွှေတောင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအား ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်(၁)လုံးအား ထောက်ပံ့ပစ္စည်းများပေးအပ်





MNP ၊  ဩဂုတ်  ၂၄

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊သစ်ချိုပင်လမ်းတွင် ဩဂုတ်လ ၂၂ရက်နေ့၌ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်လူနေအိမ် (၁)လုံးအား ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ မီးလောင်ကျွမ်းသည့် လူနေအိမ် ( ၁)လုံး၊အိမ်ထောင်စု (၁)စု အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ( ကိုယ်စား) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို ၊ ကြာနီကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊မြို့နယ်ကြက်ခြေနီအဖွဲ့တို့ လိုက်ပါ၍ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ ( ၂၁၄၇၀၀ိ/-) ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း( ၁၈) မျိုးပါပုံး( ၁) ပုံး၊ မြို့နယ်ကြက်ခြေနီအဖွဲ့မှ Hygiene Kit တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ( ၁၉) မျိုးပါ ပုံး( ၁) ပုံး၊ အိမ်သုံးပစ္စည်း(၁၂)မျိုးပါ ပုံး( ၁) ပုံး၊အိမ်ဆောက်ပစ္စည်း( ၆) မျိုးပါအိတ်( ၁)အိတ်တို့အားထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)