ပေါင်မြို့နယ်၌ သမဝါယမအသင်း အမှုဆောင်နှင့်အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ သမဝါယမအသင်း အမှုဆောင်နှင့်အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဆင်းပွဲကျင်းပ






MNP ၊  ဩဂုတ်  ၂၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမယမအသင်း  အမှုဆောင်နှင့်အသင်းဝန်ထမ်းများ  သမဝါယမမွမ်းမံသင်တန်းဆင်းပွဲကျင်းပခြင်းကို ယမန်နေ့ညနေပိုင်းက ပေါင်းရပ်ကွက်ရှိ  အသင်းစုရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သမဝါယမအသင်းစု ဥက္ကဌ ဦးမြင့်အောင် က ၊ပေါင်မြို့နယ်၏ သမဝါယမ အသင်းသည် နည်းစနစ်မှန်ကန်မှုကြောင့် ယခုအချိန်ထိ ရပ်တည်နေနိုင်လို့ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း 

အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးက အသင်း  အမှုဆောင်နှင့်အသင်းဝန်ထမ်းများ  သမဝါယမမွမ်းမံသင်တန်းကိုဖွင့်လှစ်ရခြင်းဖြင့် မိမိလုပ်ငန်းကို ပို၍ကျွမ်းမှုရှိစေရန်၊ လုပ်ငန်းအတွေ့အကြုံနှင့်ချမှတ်ထားသည့်စည်းကမ်းများပေါင်းစပ်၍ လုပ်ဆောင်ပါက လုပ်ငန်းများ အောင်မြင်မှုရရှိ‌စေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှဆင်းပြီးသည့်နှင့် စာတွေ့နှင့်လက်တွေ့များကို ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ပဒုံမာ သမဝါယမအသင်းမှ ဦးစောဦးက သင်တန်းတက်ရောက်ရခြင်းဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများကို သိခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး  ၎င်းသင်တန်းကို နည်းပြ ဆရာ (၆)ဦးက သင်တန်းသား၊သင်တန်းသူ (၃၀)ဦးအား(၅)ရက်ကြာ သင်ကြားပြသခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)