နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆန်စက်နှင့် ဆီစက်လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆန်စက်နှင့် ဆီစက်လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး





MNP ၊  ဩဂုတ်  ၂၄

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းကလယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆန်စက်နှင့်ဆီစက်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချသူအစုအဖွဲ့ဝင်ဖြစ်သည့် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကံလှကျေးရွာရှိ ဦးဌေးထက်၏ မြရတနာဆန်စက်သို့ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းက လယ်ဝေးမြို့နယ်၏ ဒေသဝမ်းစာဖူလုံမှုအခြေအနေ၊ ၂၀၂၂ - ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးပြီး ပြန်လည်ကောက်ခံရရှိမှုအခြေအနေနှင့်ရန်ပုံငွေ ပြန်လည်ပေးသွင်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော တောင်သူများထံမှ နွေစပါးပြန်လည်ကောက်ခံ၍ စပါးအခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ စနစ်တကျ ထုတ်ပိုးသိမ်းဆည်းမှုအခြေအနေ၊ နိုင်ငံတော်အရန်ဆန်အဖြင့် ပေးသွင်းမှုအခြေအနေများအား ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားခဲ့သည်။


ဆက်လက်၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေလျှောက်ထားသည့် လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာရှိ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်သို့ရောက်ရှိပြီး ဆီစက်လုပ်ငန်းရှင်၏ ချေးငွေရယူ၍ လက်ရှိဆီစက်၏ ကြိတ်ခွဲမှုစနစ်အား အဆင့်မြင့်တင်ခြင်းလုပ်ငန်းများ၊ ဆီထွက်သီးနှံများတိုးချဲ့သိုလှောင်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မြရတနာဆန်စက်သည် တစ်နေ့ဆန်တန်(၄၀)ကြိတ်ခွဲနိုင်ပြီး၊ အောင်သမာဓိဆန်စက်အနေဖြင့် တစ်နေ့တန်(၂၀)ကြိတ်ခွဲနိုင်ကာ၊ ဆီစက်အနေဖြင့် တစ်နေ့(၀.၂၅)တန် ကြိတ်ခွဲနိုင်ကြောင်း သိရသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ၍ ဒုတိယမြို့နယ်ပညာရေးမှူး၊ တာဝန်ခံကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများနှင့်တွေ့ဆုံကာ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်စေရန် ကာကွယ်ဆေးများ၊ အာဟာရတိုက်ကျွေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများစဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။


ဝေကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)