“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊  ဩဂုတ်  ၂၉

၂၀၂၃ ခုနှစ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားရပ်ကွက်/ကျေးရွာနှင့် ဝန်ထမ်းပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟိုပန်မြို့၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အားကစားအသင်းများက အားကစားအဓိဌာန်ရွတ်ဆိုခဲ့ပြီး ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂုလ်များက အားကစားမားများကို လိုက်လံနုတ်ဆက်ခဲ့သည်။ ဆက်လက်၍ အ.ထ.က(ဟိုပန်)မှ ကျောင်းသူလေးများက “ထာဝရသစ္စာ” နှင့် “ ဝ” တို့ရိုးရာအလှ သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ရာဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဂုဏ်ပြုဆုများပေးအပ်ချီးမြင့်ခြင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျင်ဝမ်းက ပြိုင်ပွဲဝင်အသင်း (၁) သင်းလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် (၁၂) အသင်းအတွက် ငွေကျပ် (၂၄) သိန်းတို့ကို ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။


ထို့နောက် အစီအစဉ်အရ ပန်လုံလမ်း(ခ)အသင်းနှင့် “ဝ” တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပန်လုံလမ်း (ခ) အသင်းက ၈ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၂) သင်းဖြင့် ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)