ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် သား/ငါး ဝယ်ယူစားသုံးနိုင်ရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် သား/ငါး ဝယ်ယူစားသုံးနိုင်ရန် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး


MNP ၊  ဩဂုတ်  ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး (၄)ခုတွင် ဒေသခံပြည်သူလူထု သား/ငါး ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ပေးထားသော ဈေးနှုန်းများအတိုင်း စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေး အဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာဈေးများတွင် ဖွင့်လှစ်ရောင်းချနေသည့် သား/ငါး ဈေးဆိုင်ခန်းများတွင် အမဲသား(၁)ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ဝက်သား (၁)ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ ဆိတ်သား(၁)ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ဈေးနှုန်းဖြင့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ ဈေးနှုန်းများ လျှော့ချသတ်မှတ်ကာ ရောင်းချသွားရန် သက်ဆိုင်ရာ ဈေးများအလိုက် သား/ငါးရောင်းချနေသည့် ဈေးသည်များအား စည်းကမ်းချက် သတ်မှတ်ထားရှိပေးထားကြောင်း သိရသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ စည်ပင်သာယာဈေးများ၌ သား/ငါးဈေးဆိုင်ခန်းများအလိုက် ဈေးနှုန်းလျှော့ချသတ်မှတ်၍ ရောင်းချပေးနေမှု အခြေအနေအား ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချပေးနေသည့် သား/ငါးများ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ အရိုးအသား၊ အဆီအရွတ်များ ရောနှောရောင်းချခြင်း ရှိ/မရှိနှင့် စနစ်တကျ ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးကာ နေ့စဉ် ဈေးရောင်းပြီးချိန်တိုင်း ဈေးဆိုင်များ သန့်ရှင်းရေးမပြတ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်ကြရန် ဈေးသူဈေးသားများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)