ပေါင်မြို့နယ် ၊လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် ၊လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းပြုလုပ်


MNP ၊  ဩဂုတ်  ၄

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(Community. Centre)ခန်းမ၌ယနေ့နံနက်(၁၁)နာရီကဝန်ထမ်းများလုပ်ငန်းခွင် အရည်အသွေး မြင့်မားစေရန် ၊မိမိတို့လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရေးသားသည့် ဝန်ထမ်းကျင့်ဝတ် စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်  ပေါင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင်က ဝန်ထမ်းကျင့်ဝတ် အခန်း(၅)မှအငြိမ်းစားယူခြင်း၊ပင်စင်အမျိုးအစားများ၊ပင်စင်နှင့်လုပ်သက်ဆုငွေအကြောင်း ၊စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်မိယဉ်ယဉ်မွန်က လုပ်သက်ဆက်စပ်ခြင်း၊လုပ်သက်ကာလဖြည့်စွက်ရေတွက်ခွင့်ပြုခြင်း၊မိသားစုပင်စင်ခံစားခွင့်အကြောင်း တို့ကိုဝန်ထမ်းများနှင့်အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။


ပေါင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်အရည်အချင်းပြည့်ဝစေရန် ဝန်ထမ်း စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)