ထန်းတပင်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၁၈

ကျောင်းသား၊​ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်​စေ​ရေး၊ အကျင့်စာရိတ္တ​ကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမ တွင်ကျင်းပသည်။


လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲတွင် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးအေးမောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား မူယစ်ဆေးဝါးအန္တရာယ်များအ​ကြောင်းသိကောင်းစရာများနှင့် လူငယ်များစာဖတ်ကြ ရေးတို့ကို အသိပညာပေးဟောပြောသည်။


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကလည်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကြည့်ရှု့ လေ့လာခဲ့ကြကာ သုတ၊ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြ ကြောင်းလည်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)