အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ




MNP ၊  ဩဂုတ်  ၂၂

   ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ KGမှ Grade-8 ထိ ကျောင်းသာကျောင်း သူ များကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။


    ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရော ဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်း သား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင် ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသည့် KG ကျောင်းသား၊ကျောင်း သူများကို ကာကွယ်ဆေးများအား ထိုးနှံပေးသည်။ 


     အမ်းမြို့ရှိ အခြေခံပညာကျောင်းများမှ KG မှ Grade-8 ထိကျောင်းသား၊ ကျောင်းသူများကို ဩဂုတ်လ ၂၂ ရက်နေ့တွင်စျေးတောင်ရပ်ကွက်အမှုထမ်း (၂)အထက(ခွဲ)ကျောင်းမှ KG မှ Grade-8ထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၏သတင်း​းေပးပို့ချက်အရ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)