စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိအကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိအကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်


MNP ၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်းဒသေကြီး၊ မုံရွာနှင့် အခြားမြို့နယ်များတွင် ဖမ်းဆီးရမိထားသော NLD အစွန်းရောက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများကို သက်ဆိုင်ရာမြို့နယ်များတွင် ၂၈-၈-၂၀၂၃ ရက်နေ့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မုံရွာမြို့ ဆန္ဒပြပွဲများတွင် အကြိမ်ပေါင်းများစွာပါဝင်ခဲ့ခြင်း၊ PDF အကြမ်းဖက်သမားများနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆက်သွယ်ပြောဆိုမှုများရှိခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အကြီးအကဲများအား ဆဲဆိုခြင်း၊ အကြမ်းသမားများကို ထောက်ခံ ရေးသားသောစာများအား ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည့် တရားခံ ထက်ဝေယံ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် PDF သမားများနှင့် ပြောဆိုဆက်ဆံမှုများရှိပြီး ပတ်သက်ဆက်နွယ်သူ တရားခံ နေမျိုးသိန်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ သလ္လာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်၍ ပြည်သူလူထု အထင်အမြင် လွဲမှားစေသည့် စာများရေးသားဖြန့်ဝေခြင်း၊ နိုင်ငံတော်အကြီးအကဲများအား ဆဲဆိုခြင်း၊ မုံရွာမြိုပေါ်တွင် အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် အသံမိုင်းများ အကြိမ်ပေါင်းများစွာ ဖောက်ခွဲခဲ့ခြင်းနှင့် PDFအကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တရားခံ ကျော်သူရအောင်(ခ)ဖက်တီး အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ-၈၉(င)အရ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ ၂ နှစ်ပြည့်သည်အထိ ပို့ဆောင်စေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆားလင်းကြီးမြို့နယ်၊ ကံတော(ရွာသစ်)ရှိ သေမင်းတမန်ပြောက်ကြားအဖွဲ့ PDFအကြမ်းဖက်စခန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းတွင် လက်လုပ်မိုင်း ပြုလုပ်ရန် ယမ်းထောင်းခြင်း၊ ကင်းစောင့်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည့် တရားခံ ဝေထွန်းနိုင်(ခ)ပြူးကြီး အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ-၈၉(င)အရ အသက်(၂၀)ပြည့်သည်အထိ မန္တလေးမြို လူငယ်သင်တန်းကျောင်းသို့ ပို့စေ အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆားလင်းကြီးမြို့နယ်၊ ကံတော(ရွာသစ်)ရှိ သေမင်းတမန်ပြောက်ကြားအဖွဲ့ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းတွင် လက်လုပ်မိုင်း ပြုလုပ်ရန် ယမ်းထောင်းခြင်း၊ ကင်းစောင့်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည့် တရားခံ စိုင်းသီဟမောင်(ခ)ကုလားလေး(ခ)ဖိုးစီ အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ-၈၉(င)အရ အသက်(၂၀)ပြည့်သည်အထိ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ ပို့စေ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆားလင်းကြီးမြို့နယ်၊ ကံတော(ရွာသစ်)ရှိ သေမင်းတမန်ပြောက်ကြားအဖွဲ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းတွင် လက်လုပ်မိုင်း ပြုလုပ်ရန် ယမ်းထောင်းခြင်း၊ ကင်းစောင့်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည့် တရားခံ ပြည့်စုံအောင် အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ-၈၉(င)အရ အသက်(၂၀)ပြည့်သည်အထိ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ပို့စေ အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ မြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆားလင်းကြီးမြို့နယ်၊ ကံတော(ရွာသစ်)ရှိ သေမင်းတမန်ပြောက်ကြားအဖွဲ့ PDF အကြမ်းဖက်စခန်းသို့ သွားရောက်၍ သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းတွင် လက်လုပ်မိုင်း ပြုလုပ်ရန် ယမ်းထောင်းခြင်း၊ ကင်းစောင့်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည့် တရားခံ ကျော်ဇင်ဝင်း(ခ)ကျော်ကြီး အား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ-၈၉(င)အရ အသက်(၂၀)ပြည့်သည်အထိ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းသို့ပို့စေ အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

ခန္တီးမြို့နယ်၊ ကျွန်းစိုကျေးရွာတွင် နေထိုင်လျက်ရှိပြီး ပါစန်(ခ)ပီရှန် မောင်းနှင်လာသော ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့၍ စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်၍ လက်နက်၊ ခဲယမ်းများပို့ဆောင်ပေးနေသည့် တရားခံ ပါစန်(ခ)ပီရှန် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅)နှစ် သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ခန္တီးမြို့နယ်၊ ဇီးဖြူကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအား ချိတ်ဆက်၍ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူပို့ဆောင် ပေးနေသည့် တရားခံ ပါကွေ့ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅)နှစ်စီ သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ထန်ပါခွေမြို့နယ်၊ တာမောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအား ချိတ်ဆက်၍ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူပို့ဆောင် ပေးနေသည့် တရားခံ ရှမ်းကြီးမှုန် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅) နှစ် သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ထန်ပါခွေမြိုနယ်၊ တာမောင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအား ချိတ်ဆက်၍ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူပိုဆောင် ပေးနေသည့် တရားခံ ပင်ထောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅) နှစ်စီ သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအား ချိတ်ဆက်၍ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူပို့ဆောင်ပေးနေသည့် တရားခံ ဌေးလင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅)နှစ်စီ သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားများအား ချိတ်ဆက်၍ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူပို့ဆောင် ပေးနေသည့် တရားခံ နိုင်ဝင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅)နှစ် သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ကနီမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများအား အကြည်ညိုပျက်ပြားစေရန် မလေးမစားပြုမူဆဲဆို ခဲ့သည့် တရားခံ ရဲဝင်းထွန်း အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်နှင့် ထောင်ဒဏ် (၂)နှစ် ကျခံစေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မြို့ပေါ် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်း၊ အစိုးရဝန်ထမ်းများနှင့် မြိုသူ/မြိုသားများအား CDM လှုပ်ရှားမှုတွင် ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ခြင်းနှင့် နိုင်ငံဝန်ထမ်းများကို နည်းအမျိုးမျိုးဖြင့် အန္တရာယ် ဖြစ်စေရန် ပြုလုပ်ခဲ့သည့် တရားခံ မိုးလှိုင်(ခ)ဖိုးပြား အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ဂ)အရ ထောင်ဒဏ် (၂)နှစ် ကျခံစေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မင်းကင်းမြို့နယ်၊ မယ်မဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြိုပေါ်အတွင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်း၊ အစိုးရဝန်ထမ်းများနှင့် မြိုသူ/မြိုသားများအား CDM လှုပ်ရှားမှုတွင်ပါဝင်ရန် စည်းရုံးလှုံ့ဆော်ခဲ့ခြင်း၊ နိုင်ငံဝန်ထမ်းများကို နည်းအမျိုးမျိုးဖြင့် အန္တရာယ်ဖြစ်စေရန်နှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ဖြစ်စေရန် ပြုလုပ်ခဲ့သည့် တရားခံ ဒေါ်စုစုလှိုင် အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ဂ)အရ ထောင်ဒဏ် (၂)နှစ် ကျခံစေရန်  အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)