သာယာဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကြောင့် ကုက္ကိုလ်ပင်ပိ၍ ပြိုလဲနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကြောင့် ကုက္ကိုလ်ပင်ပိ၍ ပြိုလဲနေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်




MNP ၊  ဩဂုတ်  ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က ကံကလေးကျေးရွာအုပ်စု၊ ကံကလေးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ကြောင့် ကုက္ကိုလ်ပင်ပိ၍ ပြိုလဲနေအိမ်များအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက ထောက်ပံ့ငွေနှင့်ပစ္စည်းများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။


ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများများက ကံကလေးကျေးရွာအုပ်စု၊ ကဲကလေးကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်ပိ၍ ပြိုလဲနေအိမ်၁လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်သိန်းကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငါးသောင်းကျပ်၊ လူ ၆ ဦးအတွက်ဆန်ဘိုး တစ်သောင်းနှစ်ထောင်ခြောက်ရာကျပ် စုစုပေါင်း တစ်သိန်းခြောက်သောင်းနှစ်ထောင်ခြောက်ရာကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးနှင့် သွားတိုက်ဆေး၊ သွားတိုက်တံတစ်ခုစီအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သန့်ဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)