အမ်းမြို့ အမှတ်(၁)စက်မှု စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ အမှတ်(၁)စက်မှု စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်












MNP ၊  ဩဂုတ်  ၁၉

      ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့ အမှတ်(၁)စက်မှု စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်မြို့နယ်ဌာနဆိုင်ရာများစု ပေါင်း၍ဆောင်ရွက်ခဲကြကြောင်းသိရသည်။


   အဆိုပါ စုပေါင်းသန့်ရှင်းရေး​ဆောင်ရွက်​​ခြင်းကိုအနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်း​များ၊ တပ်ရင်းတပ်ဖွဲ့များမှတပ် မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ များပူးပေါင်း၍ အမှတ်(၁)စက်မှု စိုက်ပျိးနှင့်မွေးမြူရေးအထက်တန်းကျောင်းဝင်းအတွင်းမြို့အင်္ဂါရပ်နှင်ံ့အညီပတ် ဝန်းကျင်သန့်ရှင်းသာယာလှပရေးပအ တွက်  ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခြင်းအားစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


 ဆက်လက်ပြီးဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဖွဲ့ဝင်များသည်အမှတ်(၁) စက်မှု စိုက် ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောင်အတွင်းလှည့်လည်စစ်ဆေးပြီးဆရာဆရာမများနှင့်တွေ့ဆုံကာသင်ကြားမှုများ၊သင်ခေါက်ကူပစ္စည်းများအခက်အခဲများရှိ မရှိမေးမြန်းကာလို အပ်ချက်များအားပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)