စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


MNP ၊ ဩဂုတ် ၂၉

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီး၍ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ စစ်ကြောင်းကြီးငါးကြောင်းသည် နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယမန်နေ့က နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင်ကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ခရီးစဉ်တွင် လိုက်ပါလာကြသည့် စစ်ကြောင်းကြီးငါးကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂမုန်းတောင်ရွာဦးကျောင်း၌ တွေ့ဆုံ၍ စစ်ကြောင်းကြီးငါးကြောင်းတွင် ဌာနဆိုင်ရာများမှ သက်ဆိုင်ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများ၊ မဲပေါက်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်တော်ကြီးကျောင်းများ၊ ကျေးရွာများနှင့်အခြေခံပညာကျောင်းများကို စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့သွားရောက်၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေ၊ ရေသိုလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။


မွန်းလွဲပိုင်းတွင် စစ်ကြောင်းကြီးငါးကြောင်းတွင် လိုက်ပါလာသည့် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများနှင့် ကလေးကစားစရာများကို ပျဉ်းမနားမြို့နယ် ဂမုန်းတောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည့် KG တန်းမှ ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ စားသောက်ကုန်ပစ္စည်းများကို Grade-1 မှ Grade 10 အထိ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများကိုလည်းကောင်း ပေးအပ်ကြပြီး ဆရာဆရာမများက အတန်းအလိုက် ကျောင်းသားကျောင်းသူများအား ကျောင်းသင်ခန်းစာများ သင်ကြားပို့ချနေမှုကို ကြည့်ရှုအားပေးကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများနှင့်အတူ ဂမုန်းတောင်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၈ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၀ တို့ကို ဆောင်ရွက်ပေးသည်။


ညနေပိုင်းတွင် စစ်ကြောင်းကြီးငါးကြောင်းတွင် လိုက်ပါလာသည့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂမုန်းတောင်ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)