ရွှေတောင်မြို့နယ်၌ တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌ တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများပြုလုပ် ဆောင်ရွက်




MNP ၊  ဩဂုတ်  ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန က တိရစ္ဆာန်များတွင် ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို ဩဂုတ်လ (၁၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရက်သတ္တပတ် အဖြစ်သတ်မှတ်၍ လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


ထိုသို့ လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်း၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဒေသအတွင်းရှိ မွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်နေသူ ပြည်သူများအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာ ရောဂါ ၊အာဖရိက ဝက်အပြင်းဖျား ရောဂါ၊ ဝက်နားရွက်ပြာ ရောဂါများအကြောင်း အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့သည်။ ယင်းနောက်ခွာနာလျှာနာ ရောဂါ၊ ဒေါင့်သန်း ရောဂါ၊ ပေါင်ပုပ် လက်ပုပ် ရောဂါ ၊လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ အင်းဆက်ပိုးမွှားနှိမ်နင်းရန်အတွက် မီးခိုး မှိုင်းတိုက်ခြင်း၊ ခြံများ သန့်ရှင်အောင် ရှင်းလင်းခြင်းများ နှင့် အရေပြားအကျိတ်နာ ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိ စူးစမ်းထောက်လှမ်းခြင်း စသည့် လုပ်ငန်းများကို ကျေးရွာအုပ်စုများသို့ ရက်သတ္တပတ် အတွင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိ ကျေးရွာများသို့ ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန် ကျန်းမားရေးလုပ်သားများက ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)