ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်






မောင်တော  ဩဂုတ်   ၂၅

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊  မောင်တောမြို့၌  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများအနေဖြင့် မုန်တိုင်းဘေးကျရောက်ခဲ့သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပေးအပ်ထားသော တာဝန် များအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း ၊  မုန်တိုင်းဘေးကျ ရောက်ခဲ့သော ကျေးရွာများတွင် နေအိမ်များ ဆောက်လုပ်နိုင်ရေးအတွက် မျှောတိုင်များ ထောက်ပံ့ထားရှိရာ  နေအိမ်များ ပြန်လည်တည်ဆောက် နေတုန်းကာလအတွင်း  ပျက်စီးမှုမရှိစေရေး အမိုးအကာ အောက်တွင် စနစ်တကျ ထိန်းသိမ်း ထား ရှိစေလိုကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ထားသော  ကျန်ရှိသော သစ်များအား လိုအပ်သည်နေရာတွင် အသုံး ပြု နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပေးရန် လိုကြောင်း ၊  မုန်တိုင်းဒဏ်ကြောင့် လေဘေး သင့် ခဲ့သော ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများ  ၊ စာသင်ကျောင်း များ နှင့် ကျေးလက်ဆေးပေးခန်းများ လက်ရှိ ပြန် လည်ပြုပြင်  တည်ဆောက်နေမှု ကိစ္စရပ်များကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မှီစွာဖြင့် အမြန်ဆုံး ဆောက် လုပ် ပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူ များက အနီးကြပ်ကြီးကြပ်ဆောင်ရွက်စေလိုပါကြောင်း ၊ မိမိတို့ မြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးများ ကိုလည်း  ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေး သက်တန့် မကျော်လွန်မှီ အပြီး ထိုးနှံ ပေးရေး ဆောင်ရွက်ကြစေရန် နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင် ဆောင်နိုင်ရေး နှင့် အိမ် ထောင်စု စာရင်းများ မှန်ကန်မှုရှိစေရေးအတွက်  ပန်းခင်း(၂)စီမံချက်ကို မြို့ပေါ် နှင့် ရပ်ကွက်ကျေးရွာများအတွင်း ဒေသခံပြည်သူများအား ကျန် လတ်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည် ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ ၊  ဘုန်းတော် ကြီး ကျောင်းများ နှင့် သာသနိက အဆောက်အဦများ အား သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည် တည်ဆောက်  ပေး လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက် ဆောက်လုပ်နေမှု အခြေအနေများ စသည့်တို့ကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပြီး တက် ရောက် လာသော ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများက မိမိတို့ ဌာနများအလိုက် မြို့နယ်အတွင်း လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှုများအား အသေး စိတ် တင်ပြ ခဲ့ကြရာ ခရိုင် စီမံအုပ် ချုပ် ရေးအဖွဲ့ ဉက္ကဋ္ဌက လိုအပ်သည် များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)