ဝါးခယ်မမြို့နယ် ကစကဲအကျဉ်းစခန်းမှ အကျဉ်းသား(၂၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ် ကစကဲအကျဉ်းစခန်းမှ အကျဉ်းသား(၂၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု


MNP ၊  ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာအုပ်စု၊ ကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၂၂)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှစ၍ လွတ်ငြိမ်းချမ်းသားခွင့်ပြုခဲ့ကြောင်း သိရသည်။


ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာအုပ်စု၊ ကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား(၁၅၇)ဦးအနက် ရာဇသတ်ကြီးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေသူ(၂၁)ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေသူ(၁)ဦး၊ စုစုပေါင်း(၂၂)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ အကျဉ်းစခန်းတာဝန်ခံ ဦးစိုးမင်းအောင်နှင့် တာဝန်ရှိသူများက တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၅၁/၂၀၂၃)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)အရ လွတ်ငြိမ်းခွင့်ပြုပြီး ၎င်းတို့၏ ခရီးစရိတ်ငွေ (၈၄,၇၈၀)ကျပ်၊ စားစရိတ်ငွေ (၂၂,၀၀၀)ကျပ်၊ လုပ်အားခငွေ(၁,၀၉၇,၅၀၀)ကျပ်၊ စုစုပေါင်းငွေ (၁,၂၀၄,၂၈၀)ကျပ်အား ထောက်ပံ့ပေးအပ်၍ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။


အထက်ပါအကျဉ်းစခန်းတွင် ဦးစီးအရာရှိ ဦးစိုးမင်းအောင်ပါအရာရှိ(၇)ဦး၊ အခြားအဆင့်(၃၉)ဦး၊ စုစုပေါင်း(၄၆)ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး အကျဉ်းသား(၁၃၅)ဦးအား ထိန်းသိမ်းထားရှိကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)