ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများ တက်ရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


MNP ၊ ဩဂုတ် ၂၅

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများတက်ရောက်ပြီး ယနေ့ညပိုင်းတွင် လာအိုနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

ခရီးစဉ်အတွင်း ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင်(၁၈)ကြိမ်မြောက် အာဆီယံနှင့်မိတ်ဖက်သုံးနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၊ National Convention Center ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်နှင့်သစ်တောရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှုးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လာအိုနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အာဆီယံနှင့်မိတ်ဖက်သုံးနိုင်ငံ အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှု ဆိုင်ရာလုပ်ငန်းအစီအစဉ်၊ အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေး၊ သယံဇာတများရေရှည်တည်တံ့စွာထုတ်ယူသုံးစွဲရေး၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် အဏ္ဏဝါပလတ်စတစ် အမှိုက်သရိုက်ပြဿနာများကို ဖြေရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံတို့ကဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် အတူတကွပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် အာဆီယံ-ဂျပန်ဝန်ကြီးများအဆင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လာအိုနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့်အမှာစကားပြောကြားကြပြီး အာဆီယံ-ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများနှင့် ဂျပန်နိုင်ငံမှအဆိုပြုသည့် အာဆီယံရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာလုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ သုံးပွင့်ဆိုင်အကြပ်အတည်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ကွယ်မှုနှင့် ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံမှအဆိုပြုသည့် အာဆီယံရာသီဥတုနှင့် ပတ်ဝန်းကျင်ရေးရာ မဟာဗျူဟာလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ညနေပိုင်းတွင် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့် ပတ်ဝန်းကျင်နှင့်ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အာဆီယံ-အမေရိကန် မဟာဗျူဟာမိတ်ဖက်လုပ်ငန်း အစီအစဉ်အောက်ရှိ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ဆန်းသစ်တီထွင်မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၃၀)တွင် စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်သဏ္ဍ၊ သစ်တောမြေနှင့် အခြားမြေအသုံးချမှုကဏ္ဍ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးမှုကဏ္ဍများတွင် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော ဒေသတွင်းနှင့် နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကို မြှင့်တင်ဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ်မှုနည်းသောအနာဂတ်ဖြစ်ပေါ်စေရေး တီထွင်ဆန်းသစ်မှုများကို အားပေးရန်၊ ရာသီဥတုပြောင်းလဲမှုရန်ပုံငွေများ မြှင့်တင်ဆောင်ရွက်ရန်နှင့် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ထောက်ပံ့ရန်စသည်တို့ကို အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)