လွိုင်လင်မြို့နယ်အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှု (အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှု (အေရိုးဗစ်) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းပွဲကျင်းပ


MNP ၊  ဩဂုတ်  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်  အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးကိုယ် ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဘက်စုံသုံးခန်းမတွင်ကျင်းပပါသည်။


အစီအစဉ်အရ ကျောင်းပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ပြိုင်ပွဲဝင် အသင်းများကိုစစ်ကြောင်းမှူးမှ ဦးဆောင်၍ ကွင်းအတွင်းဝင်ရောက်နေရာယူကြသည်။ ထို့နောက်နိုင်ငံတော် အလံအား အလေးပြုကြသည်။ ဆက်လက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက်အခြေခံပညာကျောင်း ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု့လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့်အသင်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးဆုမြှင့် ပေးကြသည်။ ယင်းနောက် ဆုရရှိသည့်အသင်းများ စုပေါင်း၍ ပြန်လည်ကပြဖျော်ဖြေကြကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်းသိရသည်။


အဆိုပါ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင်းခန်း သင်တန်းကို ဩဂုတ်လ ၃ ရက်မှ ၁၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသူ ၈၀ ဦးတက်ရောက်ကြကြောင်းနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၀ သင်းဝင်ရောက်ယှဉ်ပြိုင် ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)