အမ်းမြို့နယ်၌သန်းခေါင်စာရင်းကောက်ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်းညှှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌သန်းခေါင်စာရင်းကောက်ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်းညှှိနှိုင်းအစည်းအဝေးကျင်းပ






MNP ၊  ဩဂုတ်  ၂၈

       ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြိုနယ်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ်အောက်တိုဘာလ၌ ကောက်ယူမည့်လူ ဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက် ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ် ငန်း Census Units ကွင်းဆင်းဖွဲ့စည်းဆောင်ရွက်ခြင်းလုပ် ငန်းညှှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ စည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမင်းဦး၊ဦးခင်မောင်ဝင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်း ၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့ နယ် အုပ်ချုပ်ရေးမှူးဦးရွေအေးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တပ်တောင်မြို့ မြို့အုပ်ချုပ်ရေးမှူး မြို့ပေါ်ရပ်ကွက် (၄)ကွက်နှင့်တပ်တောင်မြို့မှရပ်ကွက် (၃)ကွက်မှအုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများတက်ရောက်၍လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ် အောက်တို ဘာလတွင်ကောက်ယူမည့်လူဦးရေနှင့်အိမ်အ ကြောင်းအရာသန်း ခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းတစ်ခုဖြစ်သောအကြို ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ် Census Units ကွင်းဆင်းဖွဲ့စည်းဆောင်ရွက်ခြင်း နှင့်မြို့ပေါ်ရပ်ကွက် (၄)ကွက်နှင့်တပ်တောင်မြို့မှရပ်ကွက် (၃)ကွက်၌ကောက်ကွက်များသတ်မှတ် ရေးကိစ္စရပ်များအားဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများမှ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများကရှင်းလင်းဖြေကြားခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)