ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP ၊  ဩဂုတ်  ၄

  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့်ကျေးရွာများ၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျောက်ဆိပ်ကျေးရွာနှင့်ယိုးငူကျေးရွာများသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


  ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် ကျောက်ဆိပ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသားများနှင့်တွေ့ဆုံစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်နု တို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ လေဘေးသင့်ပြည်သူများကို ဦးစားပေးအဆင့်အလိုက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးသော ပစ္စည်းများကို ပြည်သူများ  လက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်။


          အလားတူ မွန်းလွဲပိုင်းတွင် ယိုးငူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ကျေးရွာသူ၊ ကျေးရွာသားမျာက ကျေးရွာ၏ လိုအပ်ချက်များအား ရှင်းလင်းတင်ပြပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျောက်ဆိပ်ကျေးရွာ ဘုရားဓမ္မာရုံခေါင်မိုးနှင့်သုသာန်ဇရပ်အတွက် ခေါင်မိုးသွပ်ပြား ၁၀ ပေ အချပ်(၈၀)၊ ယိုးငူကျေးရွာ လူငယ်အားမာန်စာကြည့်တိုက်အတွက် သွပ်ပြားအချပ်(၂၀)တို့ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)