ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ






MNP ၊  ဩဂုတ်  ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 


နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ဝယ်ယူ စားသုံးကြကြောင်း ၊ နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုစိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုရှိကြောင်း ၊ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်း နှင့် တစ်နှစ်လျှင် ငါးကြိမ်ခန့် အသီးများ လှိုင်လှိုင်သီးကြောင်း ၊ ရောင်းချရာ၌ ဈေးနှုန်းအနေဖြင့် အလုံးအကြီး၊ အသေးပေါ် မူတည်ပြီး အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ်( ၁၅၀၀ ) ခန့် ရောင်းချရပြီး အလုံးသေးပါက တစ်လုံးလျှင် ငွေကျပ် (၁၀၀၀ )၊ (၁၂၀၀) နှုန်း ရောင်းချရကြောင်း ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူ တစ်ဦးက ပြောသည်။

  

နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ခြောက်ပေကွာ စိုက်ပျိုးလေ့ရှိကြောင်း ၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း ၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီး ဟူ၍ (၂)မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက် ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲ စားသုံးပါက အစာချေဖျက်အားကောင်းပြီး ဆီး ၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး ၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)