စစ်ကိုင်း - မုံရွာ လမ်းကြောင်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်း - မုံရွာ လမ်းကြောင်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ ကျင်းပ





MNP ၊ သြဂုတ် ၄

စစ်ကိုင်-မုံရွာလမ်းကြောင်းတစ်လျှောက်တွင် ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သွားလမ်းလာလမ်း ဖြောင့်ဖြူးစေရန် ရောင်းပန်းဝယ်ပန်းသာယာစေရန် လုံခြုံရေးတာဝန်များကို စေတနာအပြည့်ဝဖြင့် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခဲ့သော ကန့်ဘလူမြို့နယ်အတွင်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကန့်ဘလူခရိုင်/မြို့နယ် တာဝန်ရှိသူများ က ယနေ့ နံနက်ပိုင်းက ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်း - မုံရွာ လမ်းကြောင်းတလျှောက်တွင် အကြမ်းဖက်သမားများက ဂိတ်များဖွင့်၍ အပြစ်မဲ့ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ယူခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် လမ်းကြောင်း တလျှောက် လုံခြုံရေးကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တားဆီးကာကွယ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ပေးသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အကြီးအကဲများနှင့် ကန့်ဘလူခရိုင်/မြို့နယ် တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကိုယ့်ရပ်ကိုယ့်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကာကွယ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ကျေးဇူးတင် ဝမ်းမြောက်စကား မိန့်ကြားခဲ့သည်ဟု သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)